တရုတ်နိုင်ငံက သရီးဒီ(သုံးဖက်မြင်)နည်းပညာသုံးစွဲ၍ လကမ္ဘာပေါ်တွင ်အဆောက်အအုံများ ဆောက်လုပ်နိုင်ရေး လေ့လာမည်

ပေကျင်း၊ ဧပြီ ၂၅

 

တရုတ်နိုင်ငံသည် လကမ္ဘာစူးစမ်းလေ့လာရေး အစီအစဉ်အဖြစ်  သရီးဒီ (သုံးဖက်မြင်) နည်းပညာ သုံးစွဲ၍ လကမ္ဘာပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ရန်လုပ်ငန်းဖြစ်နိုင်ခြေများ လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချိုင်းနားဒေးလီး သတင်းစာက ယနေ့ပြောကြားသည်။

 

တရုတ်နိုင်ငံမှ ၂၀၂၈ ခုနှစ်တွင် လွှတ်တင်မည့် Chang’e-8 အာကာသယာဉ်သည် အထက်ပါ လုပ်ငန်းအတွက် လကမ္ဘာပေါ်တွင် မြေပြင်အနေအထား ကွင်းဆင်းလေ့လာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ သိပ္ပံပညာရှင် Wu Weiren က ဆိုသည်။

 

လကမ္ဘာတွင် အချိန်ကြာမြင့်စွာ စခန်းတည်ဆောက်၍ နေထိုင်နိုင်ရန်အတွက် လကမ္ဘာပေါ်မှ အရင်းအမြစ်များကိုပင် သုံးစွဲဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားသည်။

 

လကမ္ဘာပေါ်တွင် သရီးဒီ (သုံးဖက်မြင်) နည်းပညာ သုံးစွဲ၍ လုပ်ငန်းဆောင်ရွက်နိုင်ရေး လေ့လာမှုများကို တရုတ်နိုင်ငံ တုံဂျီတက္ကသိုလ်နှင့် ဇီအန်းဂျိုက်တောင်း တက္ကသိုလ်များအပါအဝင် နိုင်ငံအတွင်းရှိ တက္ကသိုလ် အများအပြားမှ ဆောင်ရွက်နေကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ