၂၀ သြဂုတ်

တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဆိုရှယ်မီဒီယာကမ်ပိန်းတစ်ခုက ဟောင်ကောင်ဆန္ဒပြပွဲကို ပုံဖျက်နေကြောင်း တွစ်တာနဲ့ဖေ့စ်ဘွတ်ခ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ 

 

27

 

ကမ်ပိန်းနဲ့ ဆက်နွယ်နေတဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ၁,ဝ၀ဝ နီးပါးနဲ့ တွစ်တာအကောင့် ၂၀ဝ,ဝ၀ဝ နီးပါးကို ပိတ်လိုက်ရကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

 

067

 

အဆိုပါ အကောင့်တွေက ဟောင်ကောင်ဆန္ဒပြပွဲကို ပုံဖျက်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တာကို တွေ့ရကြောင်း၊ ဟောင်ကောင်မှာ ဆန္ဒပြနေသူတွေကို IS တွေနဲ့ နှိုင်းယှဉ်ထားခြင်း၊ ဆန္ဒပြနေသူတွေကို cockroaches လို့ခေါ်ဆိုခြင်းနဲ့ ဆန္ဒပြသူတွေကို လေးဂွနဲ့ပစ်ပြီး သတ်ဖို့အထိ ပြောဆိုနေတာကို တွေ့ရကြောင်း ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

 

088


 
တရုတ်နိုင်ငံမှာ တွစ်တာနဲ့ဖေ့စ်ဘွတ်ခ် သုံးစွဲခြင်းတွေကို အစိုးရက ပိတ်ပင်ထားပေမယ့် ပိတ်ပင်မထားတဲ့ IP လိပ်စာတွေကနေ သုံးစွဲနေတာလို့ တွစ်တာက ပြောပါတယ်။ 

ဟောင်ကောင်မှာ လူဦးရေ ၇.၄ သန်းကျော် နေထိုင်ရာ လူပေါင်း ၁.၇ သန်းပါဝင်တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲအပြီးမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက အခုလိုလုပ်ဆောင်လာတာဟာ ပဋိပက္ခတွေကနေ ထွက်လာတာတာဖြစ်တယ်လို့ ယုံကြည်ကြောင်း ဒီကနေ့မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။ 

MDN
ကိုးကား - AFP