ဒီဇင်ဘာ ၂၂
တရုတ်နိုင်ငံချင်းဟိုင်ပြည်နယ်တွင် ပြင်းအား ၆ ဒသမ မ ၂ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃၁ ဦး ရှိလာကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ယမန်နေ့ည ၁၀ နာရီအထိ ချင်းဟိုင်ပြည်နယ်တွင် ဒဏ်ရာရသူ ၁၉၈ ဦး ရှိပြီး အခြားသုံးဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
တရုတ်ငလျင်ကွန်ရက်စင်တာ၏ပြောကြားချက်အရ ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ်က မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းအထိ ကန်စုပြည်နယ်တွင် ယင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၁၁၃ ဦး ရှိကြောင်း အတည်ပြုဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို