ဇူလိုင် ၁၈
တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂူအန်ချီဇောင်ဒေသတောင်ပိုင်း ကမ်းရိုးတန်းဒေသသို့ ယနေ့မနက်အစောပိုင်းက တိုင်ဖွန်းမုန်တိုင်း တာလင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။
အဆိုပါမုန်တိုင်းသည် ယခုနှစ်အတွင်း ဝင်ရောက်သော လေးကြိမ်မြောက်တိုင်ဖွန်းမုန်တိုင်းဖြစ်သည်။
ထိုမုန်တိုင်းသည် ယမန်နေ့ညပိုင်းက ဂူအန်ဒေါင်ပြည်နယ်သို့ ပထမအကြိမ်ဝင်ရောက်ခဲ့ခြင်းဖြစ်ရာ ယနေ့မနက် အစောပိုင်းတွင် ဒုတိယအကြိမ်မြောက် ဝင်ရောက်ခြင်းဖြစ်သည်။
ယင်းမုန်တိုင်းသည် ဂူအန်ချီရှိ ဘီဟေးမြို့သို့ ယနေ့မနက် ၅ နာရီ ၄၅ မိနစ်က ဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း မိုးလေဝသဌာနက ပြောကြားသည်။
၎င်းမုန်တိုင်း၏ အမြင့်မားဆုံးလေတိုက်နှုန်းသည် တစ်စက္ကန့်လျှင် ၂၅ မီတာရှိပြီး အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ကီလိုမီတာ ၁၅ မှ ၂၀ သို့ ရွေ့လျားသွားမည်ဟု မျှော်လင့်ရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို