ကျိုင်းတုံ ၂ မေ
တရုတ်နိုင်ငံတွင် ငှက်ပျာခြံ၊ ကြံလုပ်ငန်း၊ ပဲစိုက်ခင်းလုပ်ငန်းများ လုပ်ကိုင်ပြီး ကိုဗစ်-၁၉ ကာလအတွင်း ပြန်လာသည့် မြန်မာအလုပ်သမား ၅၆၆ ဦးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ လေ့ကျင့်ရေးအားကစားရုံသို့ မေ ၁ ရက် ညနေ ၃ နာရီခွဲက ရောက်ရှိကြောင်းသိရသည်။
အဆိုပါ နေရပ်ပြန်မြန်မာအလုပ်သမားများသည် မိုင်းလား၊ အထူးဒေသ-၄တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရှုမှု ၂၁ ရက်ပြည့်ပြီး ကျိုင်းတုံမြို့သို့ ပြည်လည်ဝင်ရောက်လာရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ၊ ဆရာများနှင့်ကျောင်းသား၊ ကျောင်းသူ လူငယ်ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ၊ ထမင်းထုပ်များ၊ မျက်နှာသုတ်ပဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ လက်အိတ်၊ ရေသန့်ဗူးများ ဝေငှပေးပြီး နေရပ်တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ အဆင်ပြေစွာပြန်လည်ပို့ဆောင်နိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


