ပြင်ဦးလွင်    ၈   မေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင်  တရုတ်နိုင်ငံမှ ပြန်လာသည့် နေရပ်ပြန်များအား   ပြင်ဦးလွင်ဘူတာ၌ ခေတ္တရပ်နားစဉ်  တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက  လိုအပ်သည်များ  ကူညီထောက်ပံ့ပေးခဲ့သည်။

 

တရုတ်နိုင်ငံတွင်  စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့်  ပဲစိုက်လုပ်ငန်း၊ ကြံစိုက်လုပ်ငန်း၊ ဖရဲစိုက်ခင်းများတွင်  သွားရောက်လုပ်ကိုင်နေသော    နေရပ်ပြန်များအား  လားရှိုးမြို့မှ မော်တော်ယာဉ်များဖြင့်   ဧပြီ   ၁၆   ရက်နေ့မှ  စတင်ပို့ဆောင်ပေးခဲ့ရာ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြိုနယ်၊ နယ်စပ်ဂိတ်မှ  မန္တလေး ၁၆ မိုင် တိုးဂိတ်အထိ  တာဝန်ရှိသူများက  စာရင်းများကောက်ယူပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးလျက် ရှိသည်။ 

 

ယခုအခါတွင်  လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်   တရုတ်နိုင်ငံမှ ပြန်လာသည့် နေရပ်ပြန်များအား  မော်တော်ယာဉ်များအစား    လာရှိုးမြို့မှ   မန္တလေးမြို့သို့   မြန်မာ့မီးရထားဖြင့်  ပြောင်းလဲပို့ဆောင်ရာ   ပြင်ဦးလွင်ဘူတာ၌ ခေတ္တရပ်နားစဉ် တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်များက လိုအပ်သည်များ ကူညီပေးလျက်ရှိြပီး   အလှူရှင်များက  ထမင်း၊  ကြက်ဥ၊ ပေါင်မုန့်၊ အချိုရည်နှင့် ရေသန့်တို့အား    ပေးဝေခဲ့ကြောင်း သိရှိရသည်။ 

ဇော်မျိုးထိုက် (ခရိုင်၊ ပြန်/ဆက်)