လောက်ကိုင် ၃၀ ဧပြီ

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် တရုတ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးများသို့ ပြန်လည် ရောက်ရှိစေရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ လွှဲပြောင်းပေး အပ်လျက်ရှိကြောင်း သိရသည်။

 

လောက်ကိုင်မြို့၊ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးအလိုက် လွှဲပြောင်းပေးအပ်လျက်ရှိရာ ဧပြီ  ၂၈ ရက်တွင် ရှမ်း(၄)ဦး၊ ရန်ကုန် (၂)ဦး၊ ဧရာဝတီ (၇)ဦး၊ မန္တလေး (၂၂)ဦး၊ မကွေး (၇၂)ဦး၊ ပဲခူး (၅၆ )ဦး၊ စစ်ကိုင်း (၂၆) ဦး စုစုပေါင်း (၁၈၉) ဦး ကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း နှင့် ဧပြီ ၂၉ ရက်တွင် ရှမ်း (၅)ဦး၊ မကွေး (၁၅၁) ဦး၊ ပဲခူး (၈၃) ဦး၊ စစ်ကိုင်း (၁၈ ဦး၊ ဧရာဝတီ (၁၄)ဦး၊ နေပြည်တော်(၂)ဦး၊ ရခိုင် (၂)  ဦး၊ ကချင် (၂) ဦး၊ ချင်း (၁) ဦး စုစုပေါင်း (၂၇၈)ဦးကို ယမန်နေ့က လွှဲပြောင်းပေးအပ်ရာ လောက်ကိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေရပ်ပြန်သူများ၏  သွားလာရေး အဆင်ပြေစေရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)