ချင်းရွှေဟော်  ၁  မေ


ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်မှ ဝင်ရောက်လာသော  တရုတ်နိုင်ငံမှ  ပြန်လာသည့်   နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့မှ   သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး   နေရပ်အသီးသီးသို့  စနစ်တကျ ပို့ဆောင်ပေးလျက်ရှိရာ    မေလ ၁ ရက်၊  နံနက် ၉ နာရီခွဲက နေရပ်ပြန်ပြည်သူ (၂၆၇)ဉီးအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။


ချင်းရွှေဟော်မှ  ပြန်လည်ပေးပို့သည့်   နေရပ်ပြန်ပြည်သူ(၂၆၇)ဉီးတွင် ကျား(၁၅၀)ဉီး၊ မ(၁၁၇)ဉီး တို့ဖြစ်ပြီး  မန္တလေးတိုင်း ဒေသကြီး(၂၁)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး(၅၉)ဉီး၊ မကွေးတိုင်းဒေသကြီး(၁၀၇)ဉီး၊ ပဲခူးတိုင်းဒေသကြီး(၄၁)ဉီး၊ ဧရာဝတီတိုင်းဒေသ ကြီး(၁၀)ဉီး၊ ကချင်ပြည်နယ်(၅)ဉီး၊ ရခိုင်ပြည်နယ်(၆)ဉီးနှင့် ရှမ်းပြည်နယ်(၁၈)ဉီးတို့ ဖြစ်ကြောင်း သိရှိရသည်။

            

အဆိုပါ  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေ: လုပ်ငန်းကော်မတီအဖွဲ့မှ    နေရပ်ပြန်ပြည်သူများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးပို့လျက်ရှိရာ ဧပြီ ၃၀ ရက်နေ့တွင်   ကျား(၂၇၅)ဉီး ၊ မ(၁၅၇)ဉီး စုစုပေါင်း(၄၃၂)ဦး  နှင့် မေ ၁ ရက်နေ့တွင်(၂၆၇)ဉီး    ယနေ့အထိ နေရပ်ပြန်ပြည်သူ  စုစုပေါင်း(၆၉၉)ဦး ရှိပြီဖြစ်‌‌ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)