မိုးမောက် ၁၉ ဧပြီ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာ (ယခင်ပူးပေါင်းရေး ဂိတ်ဟောင်းနေရာ)၌ ယနေ့မွန်းတည့် ၁၂ နာရီကျော်က ကားအစီး (၂၀)ဖြင့် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြို့/ရွာအသီးသီးမှ ရောက်ရှိပြည်သူ ၂၀၃ ဦးအား ကျောက်စခန်းကျေးရွာ စိစစ်ရေးစခန်းတွင် ကြိုဆို၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Mask များဝေခြင်း၊ မေတ္တာဖောင်ဒေးရှင်းအသင်းမှ ထမင်းဘူးများ လာရောက်လှူဒါန်းခြင်း၊ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်ဌာနဆိုင်ရာအကြီးအကဲများ ကြီးကြပ်ကာ လူဦးရေစိစစ်ခြင်းများ ဆောင်ရွက်ပြီး မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကချင်ပြည်နယ်အတွင်းနေ ပြည်သူများနှင့် အခြားဒေသနေ ပြည်သူများအား စိစစ်လက်ခံဆောင်ရွက်ခြင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးစိစစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှ နေရပ်ပြန် ပြည်သူ ၅၁ ဦးကို မော်တော်ယာဉ်ဖြင့် အရောက်ပို့စနစ်ဆောင်ရွက်ပြီး ကျန် ၁၅၂ ဦးကို တပ်မတော်ယာဉ် အကူအညီဖြင့် ဗန်းမော်ဆိပ်ကမ်းသို့ ပို့ဆောင်ကာ ဗန်းမော်ဆိပ်ကမ်းမှ သ င်္ဘောဖြင့် နေရပ်အသီးသီးသို့ အရောက်ပို့စနစ်ဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
လွန်းနန်းထွေး (ပြန်/ဆက်)


