တရုတ်နိုင်ငံမှာ ခွေးသားစားခြင်းကို တားမြစ်တော့မှာလား

၁၀ ဧပြီ

 

တရုတ်နိုင်ငံ ဝူဟန်မြို့က တောရိုင်းတိရစ္ဆာန် အပါအဝင် ရေထွက်ပစ္စည်း ရောင်းဝယ်တဲ့ ဈေးကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပျံ့နှံ့မှုအပြီးမှာ တရုတ်အစိုးရက တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ရောင်းဝယ်ခြင်းနဲ့ စားသုံးခြင်းတွေကို ဖေဖော်ဝါရီလက စပြီး တားမြစ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အသားစားရန် ကုန်သွယ်ခွင့်ရတဲ့ စာရင်းမှာ ဝက်၊ ကြက်၊ နွား၊ သိုး  အပါအဝင် အမျိုးပေါင်း ၃၁ ထဲသာ စားသုံးရန် မွေးမြူခြင်းသို့မဟုတ် သားမွေးထုတ်ရန် မွေးမြူခြင်းသာရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ခွေးနဲ့ ကြောင်ကို အသားစားအဖြစ် ကုန်သွယ်ခွင့်ရတဲ့  စာရင်းမှာ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။ 

 

ဒီထုတ်ပြန်ချက်ကို တိရစ္ဆာန်အခွင့်ရေးသမားတွေက ကြိုဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ခွေးနဲ့ကြောင်ကို အိမ်မွေးအဖြစ်ထားတဲ့ ဦးရေမှာ ၉၀.၄၉ သန်းရှိပေမယ့် နှစ်စဉ် ခွေး ၁၀ သန်း လောက်ကို အသားစားရန် ကုန်သွယ်ကြောင်း သိရပါတယ်။ 

 

တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ဇန်းမြို့မှာ ခွေးနဲ့ကြောင်အသားကို ဒီလအစောပိုင်းကစပြီး စားသုံးခြင်းကို တားမြစ်ခဲ့ပါတယ်။ ရှန်ဇန်းမြို့ဟာ ပထမဉီးဆုံး ခွေးနဲ့ကြောင်အသားကို ပိတ်ပင်တဲ့ တရုတ်နိုင်ငံက မြို့ဖြစ်လာကြောင်း သိရပါတယ်။ 


 
MDN
ကိုးကား - AFP