နိုဝင်ဘာ ၁၆
တရုတ်နိုင်ငံမြောက်ပိုင်း Shanxi ပြည်နယ်တွင် ယနေ့မနက်ပိုင်းက ကျောက်မီးသွေးတွင်းကုမ္ပဏီတစ်ခု၏ အဆောက်အဦတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၆ ဦး ရှိကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားသည်။
အဆိုပါအဆောက်အဦသည် Lishi ခရိုင် Lyuliang မြို့တွင်ရှိသော ငါးထပ်အဆောက်အဦဖြစ်ပြီး ထိုအဆောက်အဦ၏ ဒုတိယထပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ကျော်ကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။
ထိုအဆောက်အဦသည် Yongju ပုဂ္ဂလိကကျောက်မီးသွေးတွင်းကုမ္ပဏီပိုင် အဆောက်အဦဖြစ်သည်။
ကိုးကား-ဆင်ဟွ
ဘာသာပြန်-မြင့်မြင့်ချို