ဖေဖော်ဝါရီ ၂၃

တရုတ်နိုင်ငံမြောက်ပိုင်းအတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အယ်လ်ဇာလိဂ်တွင် ကျောက်မီးသွေးတွင်း ပြိုကျမှု ဖြစ်ပွားပြီးနောက် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များချက်ချင်းစေလွှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါကျောက်မီးသွေးတွင်းပြိုကျရာနေရာသို့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့လေးဖွဲ့မှကယ်ဆယ်ရေးသမား ၁၀၉ ဦး သွားရောက်ခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ထိုကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် ယခုချိန်အထိ လူနှစ်ဦးထက်မနည်းသေဆုံး၊ ခြောက်ဦးဒဏ်ရာရရှိပြီး ၅၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

ဒေသတွင်းမီးသတ်သမားနှင့်ကယ်ဆယ်ရေးသမား ၂၃၈ ဦး၊ မီးသတ်ကား ၄၁ စီးနှင့် ရှာဖွေကယ်ဆယ်ရေးခွေး ခြောက်ကောင်တို့ဖြင့် ကျောက်မီးသွေးတွင်းပြိုကျရာနေရာတွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင် လျက်ရှိကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို