ဖေဖော်ဝါရီ ၈
တရုတ်နိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း ပျမ်းမျှအပူချိန် ၁၀ ဒသမ ၇၁ ဒီဂရီစင်တီဂရိတ်ရှိရာ ၁၉၅၁ ခုနှစ်ကစတင်လုပ်ဆောင်ခဲ့သော မိုးလေဝသမှတ်တမ်းများအရ အပူချိန် အမြင့်မားဆုံးအဆင့်ဖြစ်ကြောင်း တရုတ်မိုးလေဝသ ပညာရှင်အဖွဲ့ ( စီအမ်အေ )က ထုတ်ဖော်ပြောကြားသည်။ စီအမ်အေလက်အောက်ရှိ အမျိုးသားရာသီဉတုစင်တာ၏ လက်ထောက်ညွှန်ကြားရေးမှူးက တရုတ်နိုင်ငံတွင် ယမန်နှစ်က ပျမ်းမျှအပူချိန်သည် မကြာသေးမီကပျမ်းမျှအပူချိန်ထက် သုညဒသမ ၈၂ ဒီဂရီစင်တီဂရိတ်ပိုမိုမြင့်မားခဲ့သည်ဟု ပေကျင်းတွင် ယမန်နေ့ကကျင်းပခဲ့သော စီအမ်အေသတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ လွန်ခဲ့သောနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ မိုးလေဝသဌာန ၁၂၇ ခု၏ စံချိန်တင် အပူချိန်အမြင့်မားဆုံးဖြစ်ကြောင်းဖော်ပြချက်ကို ကိုးကားပြီး ၎င်းကထပ်လောင်းပြောကြားသည်။ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ပျမ်းမျှမိုးရေချိန်သည် ပျမ်းမျှမိုးရေချိန်အားလုံးထက် ၃ ဒသမ ၉ ရာခိုင်နှုန်း နည်းပါးခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ဒုတိယမြောက်အနည်းပါးဆုံးဖြစ်သည်။ လွန်ခဲ့သောနှစ်ကတရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ၁၉၆၁ ခုနှစ်နောက်ပိုင်း မိုးခေါင်မှုအဆိုးရွားဆုံးဖြစ်ပြီး အချို့သောဒေသများတွင် မိုးသက်မုန်တိုင်း ၃၇ ကြိမ်ကျရောက်ကာရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို