ချန်ဒူး    စက်တင်ဘာ    ၆

 

တရုတ်နိုင်ငံတောင်ပိုင်း    စီချွမ်ပြည်နယ်၌ စက်တင်ဘာ  ၅  ရက်တွင် ၆ ဒသမ ၈  မဂ္ဂနီကျု ပြင်းအားရှိ ငလျင်တစ်ခု   လှုပ်ခတ်ခဲ့မှုကြောင့်  အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့ကြောင်း  ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။

 

သေဆုံးသူများအနက် ခုနစ်ဦးသည် ဂမ်ဇီတိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု လူဒင်ဒေသမှဖြစ်ပြီး ၁၄ ဦးသည် ယာအန်မြို့ ရှီမီအန်ဒေသမှဖြစ်ကြောင်း သိရသည်။

 

အဆိုပါမြေငလျင်သည် မြောက်လတ္တီတွဒ်၂၉ ဒသမ ၅၉ ဒီဂရီ၊ အ‌ရှေ့လောင်ဂျီတွဒ် ၁၀၂ ဒသမ ၀၈ ဒီဂရီကို ဗဟိုပြုလျက် အနက် ၁၆ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ မြေငလျင် ကွန်ရက်စင်တာက ပြောကြားသည်။

 

ငလျင်ဗဟိုချက်မှ ငါးကီလိုမီတာအတွင်း၌ ကျေးရွာပေါင်းများစွာရှိကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာက ပြောကြားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်