ဧပြီ ၁၉

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ဆေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားသဖြင့် သေဆုံးသူ ၂၉ ဦးအထိ ရှိလာသည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။

မီးသတ်သမားများက ပေကျင်းရှိ ချန်ဖန်းဆေးရုံတွင် ည ၁၂ နာရီ ၅၇ မိနစ်က အတွင်းလူနာဌာန၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကို ည ၁ နာရီ ၃၃ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး လူနာ ၇၁ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို