မေ ၁၁

 

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ဆန်မန်ချာမြို့တွင် မေလ ၉ ရက်နေ့က ကျောက်မီးသွေးတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့မနက်တွင် ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုမ္ပဏီသတင်းအရင်းအမြစ်အရ သိရသည်။

 

အဆိုပါဂျန်ကန်ကျောက်မီးသွေးတွင်း မီးလောင်ကျွမ်းမှုကြောင့် ပျောက်ဆုံးနေသူငါးဦးမှတစ်ပါး အခြားသူများ အားလုံးကိုဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ 

 

ထိုမီးလောင်ကျွမ်းမှုကို မနက် ကိုးနာရီအထိ ငြှိမ်းသတ်နိုင်ခြင်းမရှိသေးဟု သိရသည်။ ဂျန်ကန်ကျောက်မီးသွေးတွင်းသည် ဟီနန်ဒါယူစွမ်းအင်ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်။

 

နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ထိုကျောက်မီးသွေးတွင်းသို့ ကျွမ်းကျင်ပညာရှင် အုပ်စုတစ်စု ရောက်ရှိလာခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို