တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်းမတော်တဆမှုဖြစ်ပွားသဖြင့် ငါးဦးပိတ်မိ၊ တစ်ဦးသေဆုံး

မတ် ၂၀

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဂီဇူပြည်နယ် ကီရန်ချီမြို့ကြီးတွင် ယမန်နေ့က ကျောက်မီးသွေးတွင်းမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ဦးသေဆုံးပြီး အခြားငါးဦးပိတ်မိနေခဲ့သည်ဟု သိရသည်။

အဆိုပါမတော်တဆမှုသည် ဂူလီမြို့ရှိဆောက်လုပ်နေဆဲကျောက်မီးသွေးတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသအစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

ထိုမတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ်တုံ့ပြန်မှုလုပ်ဆောင်ခဲ့သည်။ ၎င်းကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရန် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းအစိုးရကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို