တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်းမတော်တဆဖြစ်ပွားမှုကြောင့် ခုနစ်ဦးသေဆုံး

မတ် ၁၅

တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်ရှိ ကျောက်မီးသွေးတွင်း၏ဂိုထောင်အောက်တွင်ဖြစ်ပွားခဲ့သော မတော်တဆမှု တစ်ခုတွင် တွင်းလုပ်သားခုနစ်ဦးစလုံး ပိတ်မိခဲ့ရာမှ သေဆုံးသွားကြောင်း ဒေသတွင်းအာဏာပိုင်များက ယနေ့တွင် အတည်ပြုပြောကြားသည်။ ယနေ့မနက် ၆ နာရီ ၂၃ မိနစ်တွင် နောက်ဆုံးအလောင်းကို ပြန်လည်ထုတ်ယူနိုင်ခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းကို အဆုံးသတ်ခဲ့သည်ဟု ကောင်တီအစိုးရအဖွဲ့ကဆိုသည်။ တွင်းလုပ်သားများ စက်ချို့ယွင်းမှုကိုပြင်ဆင်လုပ်ဆောင်နေစဉ် မတ်လ ၁၁ ရက် ည ၁၀ နာရီ ၄၅ မိနစ်က ဂိုထောင်အတွင်းရှိ ကျောက်မီးသွေးပုံပြိုကျမှုဖြစ်ပွားခဲ့ရာ ခုနစ်ဦးပိမိနေခဲ့ကြောင်း ကျောက်မီးသွေးတွင်းအကြီးအကဲကပြောကြားသည်။ ကျောက်မီးသွေးပုံပြိုကျမှုကြောင့် ဂိုထောင်အောက်ရှိ ရေပိုက်များကျိုးသွားခဲ့ရာ ရေများပွင့်ထွက်လာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသည်ဟု ၎င်းကဆိုသည်။ ထိုမတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို