ပေကျင်း အောက်တိုဘာ ၁၂
တရုတ်နိုင်ငံ၌ ကားဝယ်လိုသူများမှာ လျှပ်စစ်ကားများတွင် စိတ်ဝင်စားမှု မြင့်မားလာသည့်အတွက် စက်တင်ဘာလ တစ်လျှောက်လုံးတွင် ကားသစ်ရောင်းအား မြင့်မားလျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့်လအတွင်း တရုတ်နိုင်ငံတွင် မော်တော်ကားသစ် ၂ ဒသမ ၆သန်း ရောင်းချခဲ့ရသည်ဟု တရုတ်မော်တော်ကား ရောင်းချမှုအသင်းမှ ပြောသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ လျှပ်စစ်ကား ရောင်းချရမှုမှာ အစီးရေ ၇၀၀၀၀၀ ကျော်ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆနီးပါး တိုးလာခြင်းဖြစ်သည်။
ရှန်ဟိုင်းမြို့၌ ကိုဗစ် - ၁၉ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုကြောင့် ရောင်းအားကျဆင်းခဲ့ရပြီးနောက် ကြီးမားသည့် အလှည့်အပြောင်း ဖြစ်လာခြင်းဖြစ်သည်။ တချို့သော ကားမော်ဒယ်များကို အခွန်ကောက်ခံမှု ထက်ဝက်လျှော့ချခြင်း အစရှိသည့် မူဝါဒ များကြောင့် ဇွန်လမှစတင်ကာ ရောင်းအားများ တိုးတက်လာခဲ့သည်။
ယင်းသို့လုပ်ဆောင်မှုကြောင့် နှေးကွေးနေသည့် စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ရောင်းအားကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း ရှိ မရှိကိုမူ ကားလုပ်ငန်း စောင့်ကြည့်သူများက မေးခွန်းထုတ်နေကြသည်။
အင်န်အိတ်ချ်ကေ