ပေကျင်း နိုဝင်ဘာ ၂၁
တရုတ်နိုင်ငံ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူများအပါအဝင် လူဦးရေ ၁ ဒသမ ၂၂၅ ဘီလီယံခန့်(လူဦးရေ ၈၆ ဒသမ၉ရာခိုင်နှုန်း)သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
ထိုးနှံမှုခံယူခဲ့ ထို့ပြင် တရုတ်နိုင်ငံ၌ လူဦးရေ ၆၅ ဒသမ ၇၃ သန်းခန့် အပိုဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန ဒုတိယအကြီးအကဲ ဂူလန်ယူက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထည့်သွင်းပြောကြားသည်။
နိုဝင်ဘာ ၁၉ရက်အထိ တရုတ်နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂ ဒသမ ၄၂ ဘီလီယံကျော် သုံးစွဲခဲ့ပြီး လူဦးရေ ၁ ဒသမ ၀၇၆ ဘီလီယံကျော်သည် ၎င်းတို့၏ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အပြည့်ခံယူပြီးဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ အချက်အလက်များက ပြသထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနှင့် ရောဂါပြင်းထန်စွာ ခံစားရခြင်းမှ ကာကွယ်နိုင်ကြောင်း ဝူးက ထပ်မံပြောကြားသည်။ ။
ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ