ဇွန် ၂၇

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ယနေ့မနက်အစောပိုင်းက မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် လူခုနစ်ဦးပျောက်ဆုံးလျက်ရှိသည်ဟု သိရသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ဝန်ချွမ်ခရိုင် မန်စီမြို့နယ်နှင့် ဝစ်ဇူမြို့နယ်တို့တွင် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း နိုင်ငံအရေးပေါ်စီမံခန့်ခွဲမှုဌာနက ပြောကြားသည်။

 

ယနေ့မနက် ၁၀ နာရီ ၃၂ မိနစ်အထိ မြေပြိုမှုဘေးသင့်သူ ၉၀၀ ကျော်ကို ဘေးကင်းရာနေရာသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။ 

 

ထိုမြေပြိုမှုဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးလုပ်သား ၄၀၀ ကျော် သွားရောက်ကာ ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို