စက်တင်ဘာ ၇

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူခုနစ်ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောသည်။

ဂန်နန်တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရှီဟီကောင်တီရှိ မြို့နယ်နှစ်ခုတွင် ယနေ့မနက် ၃ နာရီဝန်းကျင်က မြေပြိုမှုများဖြစ်ပွားခဲ့သည်။ မိုးရွာသွန်းမှုသည် ၅၀ ဒသမ ၂ မီလီမီတာနှင့်  ၃၁ ဒသမ ၈ မီလီမီတာ အသီးသီးရောက်ရှိသည်။

မြေပြိုမှုများကြောင့် ပျောက်ဆုံးနေသူ ခုနစ်ဦးအနက် ခြောက်ဦးသည် ဆောက်လုပ်ရေးအလုပ်သမားများဖြစ်သည်။ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုဒဏ်ရာရရှိသူများသည် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိဟု သိရသည်။

ကယ်ဆယ်ရေးသမားမျာက ပျောက်ဆုံးနေသူများကိုရှာဖွေရန် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို