ရှန်ယန်း ဇူလိုင် ၃၁

 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် မိုးသက်မုန်တိုင်း ကျရောက်ပြီးနောက် လူပေါင်း ၂၂၂၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း ပြည်နယ်ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေး ဌာနချုပ်က ဇူလိုင် ၃၁ ရက်တွင် ပြောသည်။

 

လောင်နင်းပြည်နယ်တစ်ဝန်း ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၃၀ ရက်အထိ ကောက်ပဲသီးနှံ ဟက်တာ ၄၄၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ စီးပွားရေး တိုက်ရိုက်ဆုံးရှုံးမှုအနေဖြင့် ယွမ် ၄၁၇ မီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈ သန်းခန့်) ရှိကြောင်း အဆိုပါဌာနချုပ် ထုတ်ပြန်ချက်အရ သိရသည်။

 

ပြည်နယ်ရှိ ရေလှောင်ကန် စုစုပေါင်း ၂၂ ခုသည် လက်ရှိအချိန်အထိ ရေကြီးမှု ကန့်သတ်ချက်ထက် ကျော်လွန်နေပြီး ရေများစွန့်ထုတ်လျက် ရှိကြောင်း သိရသည်။

 

ဆင်ဟွာ