ဧပြီ ၂၈

 

တရုတ်နိုင်ငံ မိုးလေဝသဆိုင်ရာအာဏာပိုင်များက နိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများရှိ အချို့သောနေရာများတွင် မိုးသက်မုန်တိုင်းတိုင်းတိုက်ခတ်မှုအတွက် အပြာရောင်သတိပေးချက်ကို ယနေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

 

ဂျောင်ဂီ၊ ဂျောင်ဒုံ၊ ဟူနန်၊ ဂျန်ဂီနှင့် ဖူဂျီအန်ဒေသတို့တွင် ဧပြီ ၂၈ ညနေ ၂ နာရီမှ ၂၉ ရက် ညနေ ၂နာရီအထိ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်မုန်တိုင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်မည်ဟု ယူဆရသည်။

 

ဂျောင်ဂီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးရေချိန် ၁၂၀ မီလီမီတာအထက်ရှိနိုင်သည်ဟု အမျိုးသားမိုးလေဝသဌာန ပြောကြားချက်အရ သိရသည်။

 

အချို့ဒေသများတွင် မုန်တိုင်းများ၊ လေပြင်းများတိုက်ခတ်မှုနှင့်အတူ တစ်နာရီလျှင် မိုးရေချိန် ၆၀ မီလီမီတာအထက် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်မည်ဟု မိုးလေဝသဌာနက ခန့်မှန်ထားသည်။

 

ဒေသတွင်းအစိုးရအနေဖြင့် စာသင်ကျောင်းများနှင့် မူလတန်းကျောင်းများတွင် ကလေးများဘေးကင်းလုံခြုံမှုရှိစေရန် သင့်တော်သောအစီအမံများပြုလုပ်ထားရန် မိုးလေဝသဌာနက အကြံပြုထားသည်။

 

တရုတ်နိုင်ငံတွင် ရာသီဥတုသတိပေးချက်စနစ်ကို အရောင်လေးမျိုးဖြင့်သတ်မှတ်ထားရာ လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ပြီးလျှင် အနီရောင်သည် ရာသီဥတုအဆိုးရွားဆုံးသတိပေးချက်ကို ကိုယ်စားပြုကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို