ဇူလိုင် ၃၁
တရုတ်နိုင်ငံ ပေကျင်းတွင် ဇူလိုင် ၂၈ ရက် ညနေမှစတင်ကာမိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့တွင် မန်တူဂူခရိုင်တွင် နှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။
ယနေ့မနက်ပိုင်းက ကင်းလှည့်စစ်ဆေးနေစဉ်အတွင်း မြစ်တစ်စင်းတွင် ထိုနှစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၂၈ ရက် ည ၈ နာရီမှ ယနေ့ မွန်းတည့်အထိ မန်တူဂူခရိုင်တွင် ပျမ်းမျှမိုးရေချိန် ၃၂၀ ဒသမ ၈ မီလီမီတာဖြင့် စံချိန်တင်ခဲ့သည်ဟု သိရသည်။
ပေကျင်းမိုးလေဝသအာဏာပိုင်များက ယနေ့မနက်ပိုင်းတွင် မိုးသက်မုန်တိုင်းများအတွက် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို