မတ် ၁၅
တရုတ်နိုင်ငံအစိုးရက ခရီးသွားဗီဇာလျှောက်ထားမှုများ ပြန်လည်လက်ခံမည်ဖြစ်ကြောင်း ယနေ့တွင် ပြောကြားသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့်သုံးနှစ်အတွင်း ထိုခရီးသွားဗီဇာများကို ဆိုင်းငံ့ထားခဲ့သည်ဟု သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဝမ်ဘင်က ခရီးသွားဗီဇာများအပါအဝင် အခြားအမျိုးအစားဗီဇာများ အားလုံး ပြန်လည်သုံးသပ်ပြီးထုတ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ကပြောကြားသည်။
တရုတ်အစိုးရက ၂၀၂၀ ခုနှစ် မတ်လက သံတမန်များမှအပ နိုင်ငံခြားသားများဝင်ခွင့်ကိုရပ်နားထားခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားရေး၊ ပညာရေးနှင့် အခြားသောအကြောင်းအရာများအတွက် ဗီဇာများပြန်လည်ထုတ်ပေးတော့မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံအတွင်း ဂျပန်ခရီးသွားဧည့်များနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာခရီးသွားများအတွက် ၁၅ ရက်ထက်မပိုသော ဗီဇာကင်းလွတ်ခွင့်ကို ဆိုင်းငံ့ထားဆဲဖြစ်သည်။
တရုတ်နိုင်ငံက နိုင်ငံပေါင်း ၄၀ ကျော် တရုတ်နိုင်ငံသားများ အုပ်စုလိုက်ခရီးသွားလာခြင်းကိုလည်း ယနေ့မှစတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို