ပေကျင်း မတ် ၁၂

 

၂၀၂၂ ခုနှစ်အတွင်း  တရုတ်နိုင်ငံသည်  သစ်တောဧရိယာ စုစုပေါင်း ဟက်တာ ၃  ဒသမ ၈၃ သန်း ထပ်မံစိုက်ပျိုးပြီး  သစ်တောများ ထိန်းသိမ်းရေးကို အရှိန်အဟုန်မြှင့်  ဆောင်ရွက်ခဲ့ကြောင်း မတ် ၁၂ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အလားတူ  ၂၀၂၂ ခုနှစ်အတွင်း ပျက်စီးသွားသော မြက်ခင်းပြင်ဟက်တာ ၃ ဒသမ ၂၁ သန်းကိုလည်း မြက်များစိုက်ပျိုးခြင်းဖြင့် ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း  အမျိုးသား စိမ်းလန်းစိုပြည်ရေး ကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

 

တရုတ်နိုင်ငံသည် ဆယ်စုနှစ်များစွာ သစ်တောပြုန်းတီးပြီးနောက် ၎င်း၏  သစ်တောလွှမ်းခြုံမှု နှုန်းသည် ၁၉၈၀ ပြည့်လွန်နှစ်များ အစော ပိုင်းတွင် ၁၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၂ခုနှစ်အတွင်း ၂၄ ဒသမ ၀၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုး၍ ဖန်တီးခဲ့သည်။

 

နိုင်ငံ၏ မြက်ခင်းပြင် လွှမ်းခြုံမှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၅၀ ဒသမ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သောနှစ်တွင် တရုတ်နိုင်ငံသည်   သဲနှင့်  ကျောက်တုံးမြေ ဟက်တာ ၁ ဒသမ ၈၅ သန်းကိုလည်း သစ်ပင်များ ရှင်သန်အောင် ပြုစုပျိုးထောင်ခဲ့သည်။

 

သစ်တောများနှင့် မြက်ခင်းပြင်များသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသိုလှောင်နိုင်သော အရေးကြီးသည့် ကာဗွန်သိုလှောင်သူများ ဖြစ်သည်။ နိုင်ငံ၏  အစိမ်းရောင် လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးခြင်းသည် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အမြင့်ဆုံးလျှော့ချရေးနှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု အဆုံးသတ်ရေး ကတိကဝတ်များကို ဖြည့်ဆည်းရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 

မတ် ၁၂ ရက်သည် တရုတ်နိုင်ငံ၏ ၄၅ နှစ်မြောက် အမျိုးသားသစ်ပင်စိုက်ပျိုးရေးနေ့လည်း ဖြစ်သည်။

 

ဆင်ဟွာ