၄  ဇန်နဝါရီ

 

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် တရုတ်နိုင်ငံ၌ ကျင်းပသည့် Ai Ke Hotel Piston Open ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုရရှိခဲ့သည်။

 

ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ပြီး ဘုန်းမြင့်ကျော်သည် နောက်ဆုံးအဆင့်မှ စတင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် တရုတ်နာမည်ကြီး ကစားသမားအချို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဘုန်းမြင့်ကျော်သည် အဆင့်ဆင့်ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတွင် တရုတ်လက်ရွေးစင် ကစားသမားများကို ကျော်ဖြတ်ကာ အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်တွင် တရုတ်လက်ရွေးစင် အမျိုးသားကစားသမားကို ၁၀ ပွဲ - ၇ ပွဲဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတွင် တရုတ်လက်ရွေးစင် အမျိုးသမီးကစားသမားနှင့် တွေ့ဆုံခဲ့သဖြင့် အကျောပေး ယှဉ်ပြိုင်ခဲ့ရကာ ၁၀ ပွဲ - ၄ ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

ဘုန်းမြင့်ကျော်သည် ၂၀၂၁ နှစ်ဆန်းပိုင်းတွင် ယှဉ်ပြိုင်သည့် ပထမဆုံးပြိုင်ပွဲတွင် အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၌ကျင်းပမည့် Pool ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-အားတီ Facebook

 

mdn