၁၄ သြဂုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ သူရဲ့အစိုးရအဖွဲ့ တရုတ်နိုင်ငံက တင်ပို့ကုန် လျှပ်စစ်ပစ္စည်းတွေအပေါ် အခွန်တိုးကောက်ရန်ပြင်ဆင်ထားမှုကို ရွှေ့ဆိုင်းလိုက်ကြောင်း အင်္ဂါနေ့က ကြေငြာလိုက်ပါတယ်။

 

6

 

အမေရိကန် နဲ့ တရုတ်နိုင်ငံက ကုန်သွယ်ရေးတာဝန်ရှိသူတွေရဲ့ အင်္ဂါနေ့မနက်ပိုင်းက တယ်လီဖုန်းနဲ့ ဆွေးနွေးလို့ အပြီးမှာ အခုကြေငြာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

အဲဒီကြေငြာချက်ကြောင့်  နှစ်ရက်ကြာကျနေတဲ့  လျှပ်စစ်ထုတ်ကုန်ပစ္စည်းတွေရဲ့ ရှယ်ယာဈေးနှုန်း ပြန်လည်တက်လာတာကို တွေ့ရပါတယ်။ 

တရုတ်တင်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ဝ ဘီလီယံအပေါ် စက်တင်ဘာလ ၁ ရက်နေ့က စပြီး အခွန်တိုးကောက်ရန် သတ်မှတ်ထားပေမယ့် အဲဒီခွန်တိုးကောက်မှုကို ဒီဇင်ဘာလ ၁၅ ရက် အထိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။ အခွန်တိုးကောက်မယ့် တရုတ်တင်ပို့ကုန်တွေကတော့ လက်ကိုင်ဖုန်း၊ လက်ပ်တော့၊ ကွန်ပြူတာ၊ ဗီဒီယိုဂိမ်း၊ ကလေးကစားစရာများ၊ ဖိနပ်များနဲ့ အဝတ်အစားများဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်ခဲ့လိုက်တာ ခရစ်စမတ်ရာသီအတွက်ဖြစ်ပြီး အမေရိကန်စားသုံးသူတွေအပေါ် ကုန်သွယ်ခွန်ကနေ အကျိုးသက်ရောက်မှုမရှိအောင် လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။ 

MDN
ကိုးကား - AFP