ပေကျင်း မတ် ၂၈

တရုတ်နိုင်ငံပြည်မကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝ (နှစ်ကြိမ်) ထိုးနှံမှုခံယူပြီး သည့် အသက် ၆၀ နှင့်အထက် ပြည်သူ ၂၁၂သန်းကျော် ရှိပြီဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။

အလားတူ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး သူအရေအတွက် ၁၃၈သန်းကျော်ရှိကြောင်း ကိုဗစ်( ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး
ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အမျိုးသားကျန်းမာရေးကော်မရှင်မှ လီကျန်လောင် က အတည်ပြုပြောကြားသည်။

ထို့ပြင် အသက် ၆၀ နှင့်အထက် ပြည်သူများ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှ ဆိုးရွားစွာ တုံ့ပြန်သည့်ဖြစ်ပွားမှုသည် အခြားသော အသက် အရွယ်အုပ်စုများထက် ပိုမိုနည်းပါးကြောင်းလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာမှ ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဝမ်ဟွာကျန်းက ဆိုသည်။

အလားတူ အသက် ၈၀ နှင့်အထက် ပြည်သူ များတွင်လည်း ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ဆိုးရွားစွာတုံ့ပြန်သည့်ဖြစ်ရပ်များ လက်ရှိအချိန်အထိ မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။ 

ကိုးကား- ဆင်ဟွာ၊ဘာသာပြန်- အောင်ကျော်ကျော်