တရုတ်နိုင်ငံပြည်မကြီး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၀၀ ကျော် ထပ်မံတွေ့ရှိ

ပေကျင်း    ဧပြီ    ၁၃

 

တရုတ်နိုင်ငံပြည်မကြီး၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

 

အဆိုပါ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၁၈၉ ဦးသည် ရှန်ဟိုင်းမြို့မှဖြစ်ပြီး ၂၃၃ ဦးသည် ကျီလင်း၊ ၂၂ ဦးသည် ဂွမ်ဒေါင်း၊ ၁၄ ဦးသည် ဟိုင်းနန် နှင့် ၁၂ ဦးသည် ရှီကျင်းမြို့တို့မှ အသီးသီးတွေ့ရှိရကြောင်း သိရသည်။

 

ထို့ပြင် ရောဂါကူးစက်ခံရသူ ၁၃ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ပါရှိသည်။  သို့သော်ရောဂါကူးစက်မှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူမရှိကြောင်း သိရသည်။

 

လက်ရှိတွင် တရုတ်နိုင်ငံပြည်မကြီး၌ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူပေါင်း ၂၆၅၂၅ ဦးရှိပြီး ယင်းတို့အနက် ၂၆၄၂၀ သည် ပြည်တွင်း ကူးစက်ခံရသူများဖြစ်ပြီး ၁၀၅ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများအနက် ရှန်ဟိုင်းမြို့၌ ၂၅၁၄၁ ဦးရှိပြီး ကျီလင်းမြို့၌ ၈၅၂ ဦးရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်