တရုတ်နိုင်ငံရဲ့ နှစ် (၇၀) ပြည့် အထိမ်းအမှတ် ခရီးသွား သန်း ၇၀ဝ ဆန့် လေဆိပ်ဖွင့်လှစ် 

၂၅ စက်တင်ဘာ


တရုတ်သမ္မတ ရှီကျင့်ဖျင် က ကမ္ဘာမှာ လူသုံး အများဆုံးဖြစ်လာမယ့် လေဆိပ် ဘေဂျင်းဒါရှီး နိုင်ငံတကာ လေဆိပ်ကို ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီလေဆိပ်က ဒုတိယကမ္ဘာစစ်အပြီး ခေတ်သစ်တရုတ်နိုင်ငံရဲ့ နှစ် (၇၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ဖွင့်လှစ်တယ်လို့ သိရပါတယ်။  


လေဆိပ်ပုံစံက star fish ပုံစံဖြစ်ပြီး ကုန်ကျငွေ တရုတ်ယွမ် သန်း ၁၂၀ (အမေရိကန်ဒေါ်လာ ၁၇.၅ သန်း) ရှိပြီး လေဆိပ်ကို ဆက်သွယ်ထားတဲ့ လမ်းတွေ နဲ့ မီးရထားလမ်းတွေပါ ပါဝင်မယ်ဆိုရင် ကုန်ကျငွေဟာ တရုတ်ယွမ် သန်း ၄၀ဝ အထိ ရှိလာမှာ ဖြစ်ပါတယ်။ 


လေဆိပ် အကျယ်အဝန်းဟာ ဘောလုံးကွင်း ၁၀ဝ နီးပါး အကျယ်ရှိပြီး တနည်းအားဖြင့် ၁၇၃ ဧက ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ လေဆိပ်တစ်ခုလုံး စတင်အသုံးပြုနိုင်မှာကတော့ ၂၀၄၀ ခုနှစ်မှ ဖြစ်ပါတယ်။ ဒီလေဆိပ်ဟာ လေယာဉ်ပြေးလမ်း ရှစ်ခုပါပြီး တစ်နှစ်ကို ခရီးသွား သန်း ၁၀ဝ နီးပါး အသုံးပြုနိုင်မယ့် လေဆိပ်ဖြစ်လာမယ်လို့ ဆိုပါတယ်။ 


၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ဟာ မော်စီတုန်းရဲ့ ယဉ်ကျေးမှု တော်လှန်ရေးပြီးနောက် ခေတ်သစ်တရုတ်နိုင်ငံအဖြစ် ကြေညာခဲ့တဲ့ နှစ် (၇၀) ပြည့် မွေးနေ့ဖြစ်ပါတယ်။ 


MDN
ကိုးကား -AFP