မေ ၂၀
ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဆက်လက်မြင့်မားနေစဉ် ယနေ့မနက်ပိုင်းတွင် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော Sinovac CoronaVac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံလက်ခံရရှိခဲ့သည်။
ဖိလစ်ပိုင်ကျန်းမာရေးဌာန၏ ပြောကြားချက်အရ မေ ၁၈ ရက်က ရှေ့တန်းတွင်လုပ်ဆောင်နေသော ကျန်းမာရေး အလုပ်သမားများ၊ အသက်အရွယ်ကြီးသူများအား ဦးစားပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခဲ့ရာ လူဦးရေ ၃ ဒသမ ၂ သန်းကျော် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည်။
ဖိလစ်ပိုင်အစိုးရက ယခုနှစ်အတွင်း လူဦးရေ သန်း ၇၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားသည်။
တရုတ်နိုင်ငံမှ Sinovac CoronaVac ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ကို ဖေဖော်ဝါရီ ၂၈ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ လှူဒါန်းခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို မတ် ၁ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၁၅၉၀၇၁ ဦးရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၉၅၀၇ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို