၁၈ ဩဂုတ်

 

 

တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ပြည်နယ်၏ အစိတ်အပိုင်း အများစုတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ရေလွမ်းမိုးမှုများကို ထိန်းချုပ်ရန်အတွက် အမြင့်ဆုံးအဆင့် အရေးပေါ် တုံ့ပြန်ချက်ကို ယနေ့၌ စတင်ခဲ့သည်။

 

 

ရေကြီးမှုကို အဆင့်လေးအဖြစ် သတ်မှတ်ထားပြီး  အရေးပေါ် တုန့်ပြန်မှု စနစ်တွင် အမြင့်ဆုံးဖြစ်သော အဆင့်တစ် အဆင့်ကို ယနေ့ နံနက် ၅ နာရီတွင် ပြည်နယ်၏ ရေကြီးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေး ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

 

 

ဒန်ဒူမြစ်နှင့် မီနင်ဂျောင်မြစ်တို့သည် သတိပေးချက် ထုတ်ပြန်ထားသည့် အဆင့်များထက် ကျော်လွန်မည်ဟု မျှော်လင့်ရပြီး  ယန်မြစ်၏ အစိတ်အပိုင်းဖြစ်သည့် ကျူရင်မြစ်သည် နှစ် ၁၀ဝ အတွင်း ရေကြီးမှု အဆိုးဆုံးဖြစ်ပြီး ကျူရင်မြစ်သည် မြစ်တစ်ခုလုံးတွင် မြစ်ရေကြီးမှု အမြင့်ဆုံးဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်