တရုတ်နိုင်ငံတောင်ပိုင်း၌ ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားသဖြင့် လေးဦးထက်မနည်းသေဆုံး

ဧပြီ ၂၃

တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့ရာ လေးဦးထက်မနည်း သေဆုံးခဲ့သည်။ လွန်ခဲ့သောသီတင်းပတ်က ကွမ်တုန်းပြည်နယ်တောင်ပိုင်းတွင် မိုးစတင်ရွာသွန်းခဲ့ကြောင်းနှင့် အခြားဆယ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းအေဂျင်စီက ပြောကြားသည်။ တောင်စောင်းများတစ်လျှောက် မြေပြိုမှုများဖြစ်ပွားပြီး အဆောက်အအုံများအနီး ရွှံ့နှင့် အပျက်အစီးများစုပုံနေသည်ကို ဗွီဒီယိုဖိုင်တွင် ပြသထားသည်။ တရုတ်မိုးလေဝသတာဝန်ရှိသူများက ထိုပြည်နယ်တွင် ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားမည်ဖြစ်ပြီး ရေကြီးမှုနှင့်မြေပြိုမှုများ ထပ်မံဖြစ်ပွားနိုင်သည်ဟု သတိပေးပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို