တရုတ်နိုင်ငံတွင် သစ်တောမီးလောင်ကျွမ်းမှုကြောင့် မီးသတ်သမား ၃၀ သေဆုံး

၂ ဧပြီ

 


တရုတ်နိုင်ငံ ကုန်းတွင်းပြည်နယ် စီချွမ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် မီးသတ်သမား ၃၀ သေဆုံးခဲ့သည်။

 

နတတ

 

စနေနေ့က လျန်ရှန်ရီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ သစ်တောအတွင်း လောင်ကျွမ်းသည့်မီးကို ငြှိမ်းသတ်ရန် မီးသတ်သမား ၇၀ဝခန့်ကို  စေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသားဖော်ပြခဲ့သည်။ 

 

မီးသတ်သမားများက ၄၀ဝ၀မီတာအမြင့်ရှိသည့် တောင်တန်းများတွင်တောမီးလောင်မှုကို  ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

 

လေလမ်းကြောင်း ရုတ်တရက်ပြောင်းမှုကြောင့်  မီးတောက်သည် အခြားနေရာသို့ ပျံ့နှံ့သွားခဲ့ပြီး မီးသတ်သမား ၃၀ဦးသည် မီးတောက်အတွင်း ပိတ်မိခဲ့သည်။

 


ရဟတ်ယာဉ်များပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် တနင်္လာနေ့ညဦးယံ မတိုင်မီတွင် မီးသတ်သမား များ၏  ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။

 

မီးလောင်ကျွမ်းရာဒေသမှ အနီရောင် မီးတောက်များနှင့် အဖြူရောင်မီးခိုးများ ထွက်ပေါ်လျက်ရှိသည်ကို ဗွီဒီယိုဖိုင်က ပြသနေသည်။

 

rhwer

 

မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို ယခုထိ မသိရသေးပေ။ မီးလောင်ကျွမ်းမှုမှာ မိုးကြိုးပစ်မှုက အစပျိုးခဲ့ဖွယ်ရှိကြောင်း ကျွမ်းကျင်သူတစ်ဦးကို ကိုးကား၍ ဒေသန္တရမီဒီယာများက ဖော်ပြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်