နယူးယောက် မေ ၁၃

တရုတ်နှင့် အမေရိကန်အကြား မကြာမီက ကျင်းပခဲ့သည့် ကုန်သွယ်ရေး ဆွေးနွေးပွဲများကို ကြိုဆိုကြောင်းနှင့် ၎င်းဆွေးနွေးပွဲများသည် ကမ္ဘာ့စီးပွားရေးအတွက် အပြုသဘောဆောင်သည်ကို တွေ့ရှိရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ပြောကြားသည်။

ကုန်သွယ်ရေးဆိုင်ရာတွင် အငြင်းပွားမှုများမြင့်တက်ခြင်းကို မိမိတို့မလိုလားကြောင်းနှင့် စေ့စပ်ညှိုနှိုင်းဆွေးနွေးခြင်းဖြင့်သာ အဖြေရရှိမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရတ်က ပြောကြားသည်။ 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မကြာသေးမီက ကျင်းပခဲ့သည့် ကုန်သွယ် ရေးဆွေးနွေးပွဲအတွင်း တရုတ်နှင့် အမေရိကန်အကြား သဘောတူညီချက် အများအပြားရရှိခဲ့သည်။

ကုန်သွယ်ရေးပဋိပက္ခ ဖြစ်ပွားခြင်းဖြင့် မည်သူမျှအကျိုးမရှိဆိုသည့်အချက်ကို ဂူတာရပ်စ်က ယုံကြည်ထားကြောင်း စတီဗင် ဒူဂျာရတ်က ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ