ပေကျင်း    နိုဝင်ဘာ    ၈

တရုတ်နှင့်    ဗီယက်နမ်နိုင်ငံတို့ အကြား  ကွန်မြူနစ်ပါတီအချင်းချင်း ဆက်ဆံရေးကို   မြှင့်တင်ရန်နှင့် အဂတိ လိုက်စားမှု  တိုက်ဖျက်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် တရုတ် ကွန်မြူနစ်ပါတီ  ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်  လီဇီနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော်မတီ၏  စစ်ဆေးရေးကော်မရှင်အကြီးအကဲ ထရန်ကန်တူတို့သည်    တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ နိုဝင်ဘာ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသည်  ဗီယက်နမ်နိုင်ငံနှင့် အဆင့်မြင့် အဆင့်ကိုယ်စားလှယ်များ အပြန်အလှန် စေလွှတ်ရေး အပါအဝင်   အပြန်အလှန်ယုံကြည်မှုမြှင့်တင်ရေးနှင့်   ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို     ဆောင်ရွက်မည်ဖြစ်ကြောင်း  လီက ပြောကြားသည်။

ထို့ပြင် တရုတ်နှင့်ဗီယက်နမ်အကြား နိုင်ငံတကာအရေးနှင့် ဒေသတွင်းအရေး ကိစ္စများအပါအဝင် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့်  တရားမျှတမှု  ထွန်းကားရေးတို့ကို  တိကျစွာလိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။ ထို့ပြင် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား   အုပ်ချုပ်ရေးစနစ်ဆိုင်ရာ အတွေ့အကြုံများကို   ဖလှယ်ခြင်းနှင့် အဂတိလိုက်စားမှု    တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုကို     တိုးမြှင့်ရန်အတွက်လည်း ဆွေးနွေး ခဲ့ကြသည်။ တရုတ်နိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံအကြား အဆင့်မြင့် တာဝန်ရှိသူများ   အပြန်အလှန် စေလွှတ်ရေး၊  နိုင်ငံရေးအရ   ယုံကြည်မှုမြှင့်တင်ရေး၊ စည်းမျဉ်းစည်းကမ်းချမှတ်ရေးနှင့်  အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကဏ္ဍ များတွင်     ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း    ထရန်ကန်တူက ပြောကြားသည်။                

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ