ချင်းတောင်  ဇူလိုင်  ၆

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်ပြည်နယ် ချင်းတောင်မြို့ရှိ  စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၌  Joint Sea-2026   အမည်ရှိ   ပူးတွဲပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကို   ဇူလိုင် ၆ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ရေးလေ့ကျင့်မှုကို တပ်ဖွဲ့ဖွဲ့စည်းခြင်း၊ ဆိပ်ကမ်းအခြေစိုက် စီမံချက်ရေးဆွဲခြင်းနှင့် ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခြင်း စသည့် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များသည် အမိန့်ပေးကွပ်ကဲမှုဆိုင်ရာ  လေ့ကျင့်မှုနှင့်   ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးလေ့ကျင့်မှုများကို  လုပ်ဆောင်ခဲ့ကြောင်း   သိရသည်။

ဆင်ဟွာ