ပေကျင်း  ၆  အောက်တိုဘာ

 

တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံသံတမန် ဆက်ဆံရေးတည်ထောင်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးမြှင့်တင်သည့် အနေဖြင့် ကြေးနန်းများ အပြန်အလှန်ပေးပို့ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့ ချစ်ကြည်ရေးကြေးနန်းများ အပြန်အလှန် ပေးပို့ခဲ့ခြင်းကို တရုတ်နိုင်ငံပိုင်သတင်းဌာနဆင်ဟွာက သတင်းထုတ်လွှင့်ခဲ့သည်။

 

ခေါင်းဆောင် နှစ်ဦးသည် ယခုနှစ်အတွင်း ငါးကြိမ်ခန့် တွေ့ဆုံခဲ့သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းတွင်စေခဲ့ ကြောင်းနှင့် အနာဂတ်တွင်လည်း ဆက်လက် ကောင်းမွန်စေရန် ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က သူ၏ ကြေးနန်းတွင် ထည့်သွင်း ရေးသားခဲ့သည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကလည်း နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ရေးသားခဲ့သည်။ ထို့ပြင် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးအပြင် ကမ္ဘာ့ရေးရာ ကိစ္စရပ်များအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကင်ဂျုံအန်က ရေးသားခဲ့သည်။

 

မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် နျူကလီးယား ကင်းစင်ပပျောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ရပ်တန့်လျက်ရှိစဉ် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမြှင့် တင်ရန်ကြိုးပမ်းလျက်ရှိသည်ဟု နိုင်ငံရေးစောင့်ကြည့် လေ့လာသူ များက ဆိုသည်။

 

နှစ်နိုင်ငံဆက်ဆံရေး တည်ထောင်မှု နှစ်(၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ခေါင်းဆောင်များက ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်