မတ် ၂၅
တရုတ်ပြည်မကြီးတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ခံရသူ ၁၃၀၁ ဦး ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့တွင်ပြောကြားသည်။
မတ်လ ၂၃ ရက်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၀၁၀ ရှိရာမှ ကူးစက်မှုအရေအတွက် လျော့နည်းလာသည်ဟု သိရသည်။
ပြည်ပကူးစက်မှုပေါင်း ၆၅ ဦး ရှိကြောင်း ယမန်နေ့က ထိုကော်မရှင်၏ နေ့စဉ်ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ပြည်ပနှင့်ပြည်တွင်းကူးစက်ခံရသူပေါင်း ၁၄၀၆၅၁ ဦး ရှိလာသည်ဟု အတည်ပြုထုတ်ပြန်ထားသည်။
လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ကုသမှုခံယူနေသူ ၂၆၈၉၂ ဦးရှိရာ ၎င်းတို့အနက် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူဦးရေ ၅၀ ရှိသည်။
ထိုရောဂါကူးစက်ခံသည့်အချိန်မှစတင်ကာ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၄၆၃၈ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို