နေပြည်တော် ၇ ဒီဇင်ဘာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်များအဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။

 

mdn

 

နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော အဖွဲ့သည် ခေတ္တတည်းခိုမည့် Kempinski ဟိုတယ်သို့ ရောက်ရှိကြသည်။

 

သတင်းစဉ်