၂၆ ဇန်နဝါရီ
လတ်တလော Corona virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိသော မြန်မာ ကျောင်းသား/ကျောင်းသူ ဦးရေ (၆၀) အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် ကျောင်းသား/ ကျောင်းသူများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်လျက် ရှိပြီး ၎င်းတို့အတွက် စားရေးသောက်ရေး အခက်အခဲ မရှိစေရန် ရက်သတ္တပတ် (၁)ပတ်စာ အစားအစာများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ ပေးပို့ထားပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ ပေကျင်းမြို့တို့အနေဖြင့် ကာယကံရှင် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် အများပြည်သူများ စိုးရိမ်ပူပန်မှု လျော့ပါးစေရေးအတွက် လိုအပ်သည့် အစီအမံများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိရာတွင် အခြေအနေနှင့် အချိန်အခါပေးသည်နှင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးဖော်ပြထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
MDN
Credit-Ministry of Foreign Affairs Myanmar facebook page