နေပြည်တော် ဇူလိုင် ၂

တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်းအနက် တတိယအသုတ် Sinopharm ကာကွယ်ဆေး ၇၃၆၀၀၀ နှင့် ဆေးထိုးအပ် ၈၄၈၀၀၀ တို့ တင်ဆောင်လာသော Air China လေယာဉ်သည် ယနေ့ညပိုင်းတွင်ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

အဆိုပါလေကြောင်းဖြင့် ရောက်ရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခဲ့သည်။

ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါဖြစ်ပွားမှု အပေါ်မူတည်၍ ပြည်သူ့ဆေးရုံများနှင့်ကာကွယ်ဆေး ထိုးစုရပ်များတွင် National Development Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်