နေပြည်တော် ၃၀ ဇူလိုင် 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး Tan Shufu (Economic & Commercial Counsellor) တို့ တက်ရောက် လက်မှတ်ရေးထိုးကြသည်။ 

 

လက်မှတ်ရေးထိုးပွဲသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွန်ကြားရေးမှူး ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

လှူဒါန်းရန် ပစ္စည်းများမှာ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲသုံး တစ်ယောက်လှော်၊ နှစ်ယောက်လှော်၊ လေးယောက်လှော်၊ ရှစ်ယောက်လှော်လှေ၊ လှော်တက်နှင့် ဆက်စပ်ပစ္စည်းများကို လှူဒါန်းရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်