တရုတ်ရုပ်ရှင်ပွဲတော် မန္တလေးမြို့တွင် ကျင်းပမည်

မန္တလေး ၁၁ စက်တင်ဘာ

မန္တလေးမြို့မှာ တရုတ်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၂၆ ရက်မှာ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

နှစ်စဉ်ကျင်းပလေ့ရှိသော တရုတ်ရုပ်ရှင်ပွဲတော်အား စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်ထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် အစရှိသော မြို့ကြီးများတွင်  ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 

တရုတ်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ China Radio International ၊ China Film Group Corporation တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ အဆိုပါပွဲတွင် အချစ်၊ အမုန်း၊ ဟာသ၊ စစ်ကား အစရှိသော ဇာတ်ကားများဖြင့် ရသစုံလင်စွာ တင်ဆက်ပြသမည်ဖြစ်ကာ မြန်မာစကားပြောဖြင့် ခံစားကြည့်ရှုရမည် ဖြစ်သည်။

ပြသမည့် ဇာတ်ကားများမှာ မဲခေါင်စစ်ဆင်ရေး၊ မှော်ပဉ္စလက်၊ မင်္ဂလာပါဘီလျံနာ၊ လေပွေအမျိုးသမီးဘောလုံးအသင်း၊ ၆ နှစ်နှင့် ၆ ရက်အကြာ၊ တောင်ပေါ်မှာပွင့်တဲ့အပြုံးပန်း အစရှိတဲ့ ဇာတ်ကားများ ပါဝင်ကြောင်း သိရသည်။

တရုတ်ရုပ်ရှင်ပွဲတော်အား ရန်ကုန်မြို့တွင် JCGV (Junction City) နှင့် စံရိပ်ငြိမ် မင်္ဂလာ (ဂမုန်းပွင့်)၊ မန္တလေးမြို့တွင် မင်္ဂလာ (Central Point) တို့တွင် စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ထိ နေ့စဉ် ညနေ ၆ နာရီခွဲတွင် ပြသမည်ဖြစ်ကြောင်း သိရသည်။ 

ရုပ်ရှင်ဇာတ်ကားများကို ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကာ ပွဲချိန်မတိုင်မီ ၁ နာရီခန့်စောကာ လက်မှတ်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အိမို့မို့ခိုင်