ဘန်ကောက် နိုဝင်ဘာ ၁၇
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် (၂၉) ကြိမ်မြောက် အာရှ - ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် နိုဝင်ဘာ ၁၇ ရက်တွင် ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေကြောင်း ဆင်ဟွာက ဖော်ပြသည်။
တရုတ်သမ္မတရှီနှင့် ၎င်း၏ဇနီး ပန်လီယွမ်တို့ လိုက်ပါလာသည့် လေယာဉ်သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိချိန်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနန်နှင့် ယဉ်ကျေးမှုဝန်ကြီး အီသီဖွန်း ခန်းပူအန်နှင့် ၎င်းတို့၏ဇနီးများက ရင်းရင်းနှီးနှီးကြိုဆိုကြသည်။
တရုတ်သမ္မတရှီသည် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ဘန်ကောက်မြို့သို့ ရောက်ရှိလာသည်။
ဆင်ဟွာ