ပေကျင်း အောက်တိုဘာ ၂၅
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံခေါင်းဆောင်တာဝန်ကို ဆက်လက်ရယူနိုင်ခဲ့ပြီး နိုင်ငံအာဏာကို သက်တမ်းအရှည်ဆုံး ရယူနိုင်ခဲ့သည့် နိုင်ငံရေးခေါင်းဆောင်အဖြစ် စံချိန်ချိုးခဲ့သည်။ ရှီကျင့်ဖျင်သည် နိုင်ငံခေါင်းဆောင်အဖြစ် တတိယသက်တမ်းထိတိုင် ရောက်ရှိလာပြီဖြစ်သည်။ ထို့အပြင်ရှီသည် ကြီးထွားလာသော စီးပွားရေး စိန်ခေါ်မှုများကို ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
မိမိတို့၏ ရည်မှန်းချက်နှင့် ယုံကြည်စွာအပ်နှင်းထားသည့် တာဝန်များကို မမေ့ပျောက်ဘဲ မိမိတို့၏ သမိုင်းတာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် ပါတီ၏ ယုံကြည်ချက်နှင့် ပြည်သူများ၏ ယုံကြည်ချက်ကို ဘယ်သောအခါမှ သစ္စာဖောက်မည်မဟုတ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။
ရှီကျင့်ဖျင်သည် ပါတီထိပ်ပိုင်းနေရာအတွက် ခေါင်းဆောင်သစ်လေးဦးကို ရွေးချယ်ခဲ့သည်။ ရွေးချယ်ခဲ့သူအားလုံးသည် ပါတီဝင်ဟောင်းများ ဖြစ်ကြသည်။
ရှန်ဟိုင်း ထိပ်တန်းကွန်မြူနစ်ပါတီ အရာရှိ လီချန်းသည် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ လီခချန်သည် ထိပ်တန်းခေါင်းဆောင်နေရာမှ ရာထူးဖယ်ရှားခြင်းခံခဲ့ရသည်။ ဒုတိယဝန်ကြီးချုပ် ဟူချွန်ဟွာသည် တရုတ်နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သို့သော်လည်း ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ် ရာထူးဆုံးရှုံးခဲ့သည်။
ပေကျင်းလမ်းများပေါ်တွင် ပြည်သူများက သမ္မတရှီကျင့်ဖျင်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်သစ်များအပေါ် မျှော်လင့်ချက် မြင့်မြင့်ထားကြောင်း ဖော်ပြခဲ့ကြသည်။
ရှီ၏အစိုးရအဖွဲ့ဝင်သစ်များသည် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်ရှင်သန် နိုးထရေးအတွက် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံတွင် သက်ကြီးလူဦးရေ တိုးပွားများပြားပြီး မွေးဖွားမှုနှုန်း နည်းပါးမှုနှင့်လည်း ရင်ဆိုင်နေရသည်။
အင်န်အိတ်ချ်ကေ၊
ဆင်ဟွာ