၁၂ ဧပြီ

 

တရုတ်နိုင်ငံတောင်ပိုင်း ရှိန်းကျိန့်တွင် ယမန်နေ့ညပိုင်းက ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လေးဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်များက ယနေ့ပြောကြားခဲ့သည်။

 

အဆိုပါ ရေကြီးမှုကြောင့် လုဟူ နှင့် ဖုတန် ခရိုင်ရှိ မြစ်ကြောင်းများတွင် အလုပ်လုပ်နေသည့် အလုပ်သမားများ မျောပါသွားကြောင်း မြို့တော်အရေးပေါ်စီမံခန့်ခွဲမှု ဗျူရို ထုတ်ပြန်ချက်အရ သိရသည်။

 

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဘာသာပြန် - မြင့်မြင့်ချို

ကိုးကား-ဆင်ဟွာ