၂၁ မေ

တရုတ်နိုင်ငံတောင်ပိုင်းတွင် ယမန်နေ့အစောပိုင်းက ဘားဆိုင်တစ်ခု၏ ခေါင်မိုးပြိုကျခဲ့ရာ လူ လေးဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကွမ်းရှီးကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Baise မြို့တွင် ယမန်နေ့မနက်အစောပိုင်းက ထိုဘားဆိုင်၏ခေါင်မိုး ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဘားဆိုင်သည် သံမဏိဖြင့်ပြုလုပ်ထားသော သုံးထပ်အဆောက်အအုံ၏ အထက်တွင် တည်ရှိကြောင်းနှင့် အဆိုပါ ခေါင်မိုးပြိုကျရာနေရာသို့ ဒေသခံ ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနမှ တာဝန်ရှိသူ ၁၆၀ ဦးခန့် ရောက်ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

mdn

 

ယင်းဒေသရှိ ကွန်မြူနစ်ပါတီ တာဝန်ရှိသူများက ထိုဘားဆိုင်ခေါင်မိုး ပြိုကျသည့် အကြောင်းရင်းကို ရှာဖွေရန် နှင့် အလားတူမတော်တဆမှုများ တားဆီးရန် ဒေသခံအာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း သတင်းများအရ သိရသည်။

ရှန်ဟိုင်းမြို့တော်တွင် ပြီးခဲ့သည့် သီတင်းပတ်က ပြန်လည်ပြုပြင်နေသော အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီးနောက် လူ ခုနစ်ဦး သေဆုံးခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn